First Post Myanmar Traditional House
ရှေးမြန်မာအိမ် - ၂၊ ဆားတော်အုပ်ဦးထွန်းအောင်အိမ် အကြောင်း (၁)
“အလုပ်တစ်ခုကို မှန်ကန်စွာမလုပ်ခြင်းသည် အလွန်ညံ့သော ကိုယ့်ကျင့်တရားတစ်ခု ဖြစ်လေသည်။ မှန်ကန်စွာ မလုပ်နိုင်ခြင်းတွင် လုံလောက်သော အကြောင်းရှိစေကာမူ မှန်ကန်စွာ ဖြစ်အောင်လုပ်ခြင်းကို အမှန်မုချပင် အမြဲ မပြတ် လိုအပ်လေသည်။ မှန်မှန်လုပ်နိုင်သည့် အလုပ်ကို မှန်မှန်လုပ်ခြင်းသည် အဆန်းမဟုတ်။ မှန်မှန် မလုပ်နိုင်သည့် ကြားထဲက မှန်မှန်လုပ်နိုင်အောင် ကြိုးစားခြင်းသာ လူူတစ်ယောက်၏ အရည်အချင်းကို ပြသလေသည်” ဟု ဂျာနယ်ကျော် ဦးချစ်မောင်က ပြောကြားခဲ့သည်။
ဦးချစ်မောင် ပြောခဲ့သည့်အတိုင်းဆိုရင် ကျွန်တော်သည် အလွန်ညံ့သော ကိုယ်ကျင့်တရားကို ကျင့်ကြံမိနေသူ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆရာဦးမျိုးမြင့်စိန်တို့ ပြုစုခဲ့သည့် ရှေးမြန်မာအိမ်များ စာတန်းကို ပြန်လည်စုစည်းပြီး တင်ပြနေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုအချိန်အထိ အပြီးသတ်အထိ မရောက်နိုင်သေး။
Second Post Myanmar Traditional House
ဆားတော်အုပ် ဦးထွန်းအောင် အိမ်ကိုရှာခြင်း
ဗိသုကာပညာ သင်ယူစဉ်အချိန်က ရှေးမြန်မာအိမ်များအကြောင်းကို သင်ယူခဲ့ရသည်။ ကျောင်းပြီးသည့်အခါတွင် မိမိသိခဲ့၊ သင်ခဲ့ရသော ရှေးမြန်မာအိမ်များ အပြင်တွင် တည်ရှိနေသေးလား၊ ပျက်စီးသွားပြီလား၊ ဘယ်လိုအခြေအနေဖြစ်နေပြီလဲ စသဖြင့် သိချင်လာမိသည်။
ဒီသိချင်စိတ်တစ်ခုတည်းဖြင့် လေ့လာရှာဖွေဖြစ်ခဲ့သည်။ ဦးကြင်ဥ အိမ်ကိုတွေ့ခဲ့သည်။ မီးလောင်ကျွမ်းသွား၍ ပျောက်ပျက်သွားပြီဖြစ်သည့် ဦးကောင်းအိမ်၏ တည်ရှိခဲ့သည့် နေရာလည်း ရောက်ခဲ့သည်။ ဆားတော်အုပ် ဦးထွန်းအောင်အိမ်ကို ရှာဖွေနိုင်ရန် ဟန်လင်းသို့ သွားရောက်ဖြစ်ခဲ့သည်။ မှတ်တမ်းတွင် မပါသည့် မြန်မာအိမ်အချို့ကိုလည်း တွေ့ရှိမှတ်တမ်းယူနိုင်ခဲ့သည်။ ယင်းတို့အထဲမှ ဦးထွန်းအောင် အိမ်၏ အခြေအနေကို ဖေါ်ပြလိုက်ရသည်။
Third Post Myanmar Traditional House
ရှေးမြန်မာအိမ် - ၂၊ ဆားတော်အုပ် ဦးထွန်းအောင် (၃)
သူဌေးကားမောင်း အသိဉာဏ် (Chauffeur Knowledge) တဲ့။ ရူပဗေဒပညာရှင် မက်စ်ပလန့်ကို အခြေပြုပြီး ဒီစကားလုံးလေး ပေါ်လာခြင်းဖြစ်သည်။ ကိုယ့်ဆရာက ပြောပြသည်ကို အလွတ်ရနေသည့် အသိဉာဏ်မျိုးဖြစ်သည်။ ကြားဖူးနားဝ အသိဉာဏ်၊ လှေနံဓားထစ် မှတ်ဉာဏ်မျိုးဟုလည်း ပြောနိုင်သည်။
ကျွန်တော်စိတ်ဝင်စားသည့် ပညာရပ်နှင့် ကိစ္စများကို ယင်းအသိဉာဏ်မျိုးဖြင့် သိရုံသာသိပြီး တကယ် နားမလည်မည်ကို စိုးရိမ်သည်။ ထို့ကြောင့် စိတ်ဝင်စားသည့် ပညာရပ်များကို တတ်နိုင်သလောက် လေးလေးစားစား လေ့လာမိသည်။