Logo
ရှေးမြန်မာအိမ် - ၂၊ ဆားတော်အုပ် ဦးထွန်းအောင် (၃)

သူဌေးကားမောင်း အသိဉာဏ် (Chauffeur Knowledge) တဲ့။ ရူပဗေဒပညာရှင် မက်စ်ပလန့်ကို အခြေပြုပြီး ဒီစကားလုံးလေး ပေါ်လာခြင်းဖြစ်သည်။ ကိုယ့်ဆရာက ပြောပြသည်ကို အလွတ်ရနေသည့် အသိဉာဏ်မျိုးဖြစ်သည်။ ကြားဖူးနားဝ အသိဉာဏ်၊ လှေနံဓားထစ် မှတ်ဉာဏ်မျိုးဟုလည်း ပြောနိုင်သည်။

ကျွန်တော်စိတ်ဝင်စားသည့် ပညာရပ်နှင့် ကိစ္စများကို ယင်းအသိဉာဏ်မျိုးဖြင့် သိရုံသာသိပြီး တကယ် နားမလည်မည်ကို စိုးရိမ်သည်။ ထို့ကြောင့် စိတ်ဝင်စားသည့် ပညာရပ်များကို တတ်နိုင်သလောက် လေးလေးစားစား လေ့လာမိသည်။

လေ့လာလက်စဖြစ်နေသည့်အထဲတွင် မြန်မာ့ရှေးအိမ်အကြောင်းက တစ်ခုအပါအဝင်ဖြစ်သည်။ လေ့လာရင်း၊ စုဆောင်းရင်းဖြင့် တခြားသူတွေလည်း အလွယ်တကူလေ့လာစေချင်သည်။ ထို့ကြောင့် ဆားတော်အုပ် ဦးထွန်းအောင်အိမ်အကြောင်းကို ဆက်လက်မျှဝေဖြစ်သည်။

မျှဝေပေးရာတွင် ပုံတွေအပြင်၊ ပုံတွေနှင့်ဆိုင်မည့် မြန်မာ့ရှေးအိမ်များ၏ အချက်အလက်အချို့၊ စာစုအချို့ကိုပါ ရှေးကပညာရှင်များ ပြုစုသွားသည့်၊ စာအုပ်စာတမ်းနှင့် ရသစာအုပ်များထဲမှ ထုတ်နှုတ်ထည့်သွင်း ဖေါ်ပြပေးထားသည်။

ဆားတော်အုပ် ဦးထွန်းအောင်အိမ်ပုံများကို လေ့လာရင်းဖြင့် မြန်မာ့ရှေးအိမ်အကြောင်းများကို အစပြုသိရှိပြီး ဆက်လက်လေ့လာစိတ် ဖြစ်ပေါ်လာစေရန် မျှော်လင့်ပါသည်။

Copy Right 2021 © SHELTER 9 Architects. All rights Reserved.